skip to main |
skip to sidebar

8:52 PM

Shwe Hinthar
- သူများအသက် သတ်သည့်တွက် အသက်ကိုယ့်မှာတို။
- မသတ်ရှေင်ရှား ထိုသူများ ရှည်လျားအသက်ကို။
- နှိပ်စက်ကလူ ညှဉ်းဆဲသူ ပြောထူရောဂါဆို။
- သနားစိတ်သွင်း မနှိမ်နှင်း ကင်းရှင်းရောဂါကို။
- ထန်ပြင်းဒေါသ ကြီးတတ်က အလှပျက်မည်ဆို။
- ဒေါသကင်းစင် မေတ္တာယှဉ် ကြည်လင်လှသကို။
- မနာလိုပြန် ဣဿာထန် ခြံရံကင်းမည်ဆို။
- ဣဿာမထား ၀မ်းမြောက်ငြား ပေါများခြွေရံကို။
- မလှူမဒါန်း မပေးကမ်း ခြောက်ခမ်းဥစ္စာဆို။
- စွန့်ကြဲလေ့တုံ ပြုပါကုန် ကုံလုံကြွယ်ဝလို။
- မာန်မာနကြွယ် ထိုသူဝယ် မျိုးနွယ်ညံ့မည်ဆို။
- ထိုက်သူရိုကျိုး မာန်ကိုချိုး အမျိုးမြတ်သကို။
- သိဖွယ်ဟူသမျှ မမေးက ဖျင်းအ ပညာဆို။
- ကြားမျင်များအောင် မေးလေ့ဆောင် ခုနောင်တတ်သိလို။ (စူဠကမ္မ၀ိဘင်္ဂသုတ်တော်လာအချက်များကို ဆရာတော်ကြီးအရှင်ဇနကာဘိဝံသ လင်္ကာရေးသည်။)
0 comments:
Post a Comment