မိတ်ဆွေနှစ်မျိုးရှိတယ်၊ လူမိတ်ဆွေနဲ့
ရဟန်းမိတ်ဆွေပေါ့၊ ဒီလောကမှာ မိမိကို ပေးနိုင်ခဲတာတွေကို ပေးတဲ့သူ
စွန့်နိုင်ခဲတာတွေကို စွန့်နိုင်သူ လုပ်ပေးနိုင်ခဲတာတွေကို လုပ်ပေးသူ
သီးခံခက်တာတွေကို သီးခံပေးသူ လျှို့ဝှက်ချက်တွေကို ပြောပြသူ
ကိုယ့်လျှို့ဝှက်ချက်တွေကို လျှို့ဝှက်ပေးသူ ဘေးရန်ပေါ်လာယင် စွန့်မသွားသူ
မိမိအတွက်ဆိုယင် အသက်ကိုယ်တောင် စွန့်နိုင်သူ ပစ္စည်းဥစ္စာတွေ
ကုန်ခမ်းသွားသော်လည်း အထင်မသေးသူ၊ ဒီလို လူမျိုးက လူမိတ်ဆွေ ဖြစ်တယ်။
ချစ်ခင်စရာ မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့ ရဟန်း၊ မြတ်နိုးစရာ သီလဂုဏ်တွေ
ရှိနေတဲ့ ရဟန်း၊ လေးစားစရာ တည်ကြည်မှုတွေ ရှိနေတဲ့ ရဟန်း၊ ကြည်ညိုစရာ
ပညာအရည်အချင်းတွေ ရှိနေတဲ့ ရဟန်း၊ မျက်နှာမထောက် ပြောစရာအပြစ်ရှိယင်
ပြောဆိုဆုံးမတတ်တဲ့ ရဟန်း၊ ကိုယ်မှားနေလို့ ပြောယင်လည်း လက်ခံပေးနိုင်တဲ့
ရဟန်း၊ နက်နဲတဲ့ တရားစကားတွေကို ပြောဟောပေးတဲ့ ရဟန်း၊ မသင့်လျော်တဲ့
နေရာတွေမှာ မတိုက်တွန်းတတ်တဲ့ ရဟန်း၊ လွန်ကဲမြင့်မြတ်တဲ့ သီလကို
ဆောက်တည်ခိုင်းတဲ့ ရဟန်း၊ သတိပဋ္ဌာန်စတဲ့ ဘာဝနာတရားတွေကို ပွားများခိုင်းတဲ့
ရဟန်း၊ ဒီလို ရဟန်းမျိုးကတော့ ရဟန်းမိတ်ဆွေ ဖြစ်တယ်။
သီတဂူ Study Tour အင်ဒိုနီးရှား
9 years ago
8:22 PM
Shwe Hinthar
Subscribe
Follow me!
0 comments:
Post a Comment