Wednesday, April 18, 2012

သရဏဂုံမည်ပုံ


ဘုရား၊ တရား၊ သံဃာ ရတနာ (၃)ပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် သရဏဂမန မည်ပါသည်။ အကြောင်းကား ပယ်ဖျောက်တတ်သော အနက်သဘောကြောင့် သရဏဂုံ ခေါ်ပါသည်။ ဘေးဘယာဟူသမျှကို ဝေးကွာအောင် ပတ်ဖျောက်တတ်သောကြောင့်းလည်းကောင်း၊ ပူပန်သောက ဟူသမျှကို ပယ်ဖျောက်တတ်သောကြောင့်လည်းကောင်း၊ ကိုယ်ဆင်းရဲမူ၊ စိတ်ဆင်းရဲမူကို ပယ်ဖျောက်တတ်သောကြောင့်လည်းကောင်း၊ ငရဲ ၊တိရိစ္ဆာန်၊ ဗြိတ္တာ အသူရကာယ်ဟု ဆိုအပ်သော အပါယ်ဒုဂ္ဂတိဘုံသို  ကျရောက်ခြင်းမှ ပယ်ဖျောက်ပေးတတ်သောကြောင့် လည်းကောင်း၊ ကိုယ်ညစ်နွမ်းခြင်း၊ စိတ်ညစ်နွမ်းခြင်းတို့ မှ ပယ်ဖျောက်ပေးတတ်သောကြောင့်လည်း ကောင်း သရဏဂုံမည်ပါသည်။  

 ကိုးကွယ်ဆည်းကပ်ပုံ။

၁။ အသက်နှင့် ခန္ဓာကိုယ်ကို ဘုရားအား အပ်နှင်း စွန့်လွတ်ပြိး ကိုးကွယ်ဆည်းကပ်ခြင်း၊ တရားတော်မြတ်အား အပ်နှင်း စွန့်လွတ်ပြိး ကိုးကွယ်းဆည်းကပ်ခြင်း၊ သံဃာတော်အား အပ်နှင့်စွန့်လွတ်ပြီး ကိုးကွယ်ဆည်းကပ်ခြင်း။
၂။ ရတနာသုံးပါးမှ တစ်ပါး အခြားကိုးကွယ်ရာတွေကို မရှာကြံခြင်း၊ ဘုရားရှင်သာလျှင် လဲလျောင်းရာ ၇ှိခြင်း၊ တရားတော်သည်သာ လဲလျှောင်းရာ၇ှိခြင်း၊ သံဃာတော်သည်သာ လဲလျောင်းရာ ၇ှိခြင်း။
၃။ ရတနာသုံးပါး၏ တပည့်သားအဖြစ်မှ ရှောင်ရှားကာ အခြားသောဆရာများ၏ တပည့်အဖြစ်မခံယူခြင်း၊ မြတ်စွာဘုရား၏ အတွင်းနေ တပည့်ရင်းဖြစ်ခြင်း၊ တရားတော်မြတ်၏ အတွင်းနေတပည့်ရင်းဖြင်ခြင်း၊ သံဃာတော်မြတ်၏ အတွင်းနေ တပည့်ရင်းဖြစ်ခြင်း။
၎၊၊ ရတနာမြတ်သုံးပါးကို အလေးအမြတ် အရိုအသေပြုကာ ကိုးကွယ်ဆည်းကပ်ခြင်း၊ ရှိခိုးးဦးချခြင်း၊လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း၊ ခရီးဦးကြိုပြုခြင်း စသော အမှူတိုကို ရတနာမြတ်သုံးပါးအပေါ်တွင်သာလျင် ပြုပါအံဟု ကိုးကွယ်ဆည်းကပ်ခြင်း။

0 comments:

Post a Comment

 
Powered by Blogger | Tested by Blogger Templates | Best Credit Cards