Wednesday, June 13, 2012

Read more »

Saturday, April 28, 2012

စကားကောင်းအရာ အင်္ဂါငါးပါး၊

၁။ ပြောသင့်သောအချိန်၌ ပြောဆိုသော စကား၊ ၂။ မှန်သော စကား၊ ၃။ နူးညံ့ သိမ်မွေ့သော စကား၊ ၄။ အကျိုးစီးပွားနှင့်စပ်သော စကား၊ ၅။ မေတ္တာစိတ်ဖြင့်ပြောသော စကား၊ (အင်္ဂုတ္ထိုရ်၊ ပဉ္စက၊ ဗြာဟ္မဏဝဂ်၊ ဝါစာသုတ်)
Read more »

စကားကောင်းအရာ အင်္ဂါလေးပါး၊

၁။ မိမိသူတပါး နှစ်ဦးသား၏ အကျိုးကို ဆောင်သော စကား၊ ၂။ တရားစကား၊ ၃။ ချစ်နှစ်သက်ဖွယ်သောစကား၊ ၄။ မှန်သော စကား။ သဂါထာဝဂ္ဂ၊ ဝင်္ဂီသ သံယုတ်၊ သုဘာသိတသုတ်။
Read more »

စကားများခြင်း အပြစ်ငါးပါး။

၁။ မဟုတ်မမှန်ပြောမိခြင်း။ (မုသာ ဘဏတိ) ၂။ ကုန်းချောစကား ပြောမိခြင်း။ (ပိသုဏံ ဘဏတိ) ၃။ ကြမ်းတမ်းသော စကားကိုပြောမိခြင်း။(ဖရုသံ ဘဏတိ) ၄ ။သိမ်ဖျင်းသော စကားကို ပြောမိခြင်း(သမ္ဖပ္ပလာပံဘဏတိ) ၅။ အပါယ်ငရဲသို့ ကျရောက်ခြင်။ (အပါယံ ဒုဂ္ဂတိံ ၀ိနိပါတံ နိရယံ ဥပပဇ္ဇတိ) (ဗဟုဘာဏိသုတ်)
Read more »

လင်္ကာမြေက အလှပြိုင်ပွဲ။

တခါတုန်းက သီဟိုဠ်ကျွန်းမှာ အလွန်သပ္ပါယ်ပြီး ကြည်ညိုဖွယ်ကောင်းသော ရဟန်းငယ် အရှင်အဘယနှင့် ရုပ်အလွန်လှပသော အမတ်ကြီးသား ရှိခဲ့ပါတယ်။ သူတို့နှစ်ဦးက ဘယ်လောက်ထိလှသလဲဆိုတော သီဟိုဠ်ကျွန်းက လူတွေက ကုသိုလ်ကောင်းမူပြုပြီး ရဟန်းနှင့်အမတ်ကြီးသားလို ရုပ်လှရပါလို၏ဟု ဆုတောင်းလျှက် ကုသိုလ်ကောင်းမူတွေ ပြုလုပ်ပါတယ်။ ပုဂ္ဂိုလ်မင်တော တရားခင်ဆိုတဲ့အတိုင်းပုထုဇဉ်တို့ ပီပီ ရဟန်းကိုကြည်ညိုသောသူတွေက သူတို့ရဟန်းဟာ အလှဆုံးဟု ယူဆထားကြပါတယ်။ ဟိုဘက်က အမတ်ကြီးသားဘက်က သူတွေကလည်း သူတို့ အမတ်သားက အလှဆုံးဟု လက်ခံထားပါတယ်။ တစ်နေတော့ ရဟန်းဘက်က သူတွေနှင့် အမတ်ကြီးသားဘက်ကသူတွေက တွေဆုံပြီး စကားစပ်မှီစပ်ရာပြောရင်း စကားလမ်းကြောင်းက ရဟန်းငယ်နှင့် အမတ်ကြီးသားရုပ်လှတဲ့ အကြောင်းဘက်သို့ဦးတည်ပြောင်းလဲသွားပါတယ်။ရဟန်းငယ်ဘက်သူတွေက အမတ်ကြီးသားဘက်လူတွေကို ငါတို့ ရဟန်းက လင်္ကာကျွန်းမှ အလှဆုံးဟုပြောတယ်။ တစ်ဘက်က အမတ်ကြီးသားသူတွေကလည်း သူတို့ အမတ်ကြိးသားက အလှဆုံးဟု ပြန်ပြောပါတယ်။ ဒီလိုနဲ စကားက အငြင်းအခုံဖြစ်နေပါတယ်။ ဒီနေရမှာတင် အမတ်ကြီးသားဘက်က လူတစ်ယောက်က သတ္တိရှိရင် သင်တို့ ရဟန်းနှင့် ငါတိုအမတ်ကြိးသား ဘယ်သူက ပိုလှတယ်ဆိုတာ အလှပြိုင်ကြမလားဟု ထပြီး စိန်ခေါ်လိုက်ပါတယ်။ရဟန်းငယ်ရဲ အဖွဲ့ကလည်း ဘယ်အညံ့ခံမလည်း စိန်လိုက်လေဆိုပြိး ထပ်စိန်ခေါ်လိုက်ပါတယ်။ အလှပြိုင်ပွဲမှာ သီဟိုဠ်ကျွန်းမှာ အလွန်ထင်ရှားတဲ့နေရာဖြစ်တဲ့ မဟာစေတီဖြစ်ပါတယ်။ အမတ်ကြီးသားကလည်း အ၀တ်အစားများကို အကောင်းဆုံး ၀တ်ဆင်ပြီး ပြိုင်ပွဲနေရာသို့လာခဲ့ပါတယ်။ ရဟန်းတော်အဘယ၏မယ်တော်ကလည်းသားတော်မောင်ရဟန်းကိုအကောင်းဆုံးသင်္ကန်းကိုဆက်ကပ်ခဲ့ပါတယ်။သားတော်မောင်ရဲ့ခေါင်းကိုပြောင်အောင်ကိုရိတ်စေပြီးမယ်တော်ကြီးလှူသောသင်္ကန်းကိုဆင်မြန်းကာ မဟာစေတီရှိရာ အလှပြိုင်ပွဲသို့လာခဲ့ပါတယ်။ ယင်းအလှပြိုင်ပွဲမှာ ဘယ်သူနိုင်တဲ့အကြောင်း မပြောကြားခင်ရဟန်းငယ်နှင့် အမတ်ကြီးသားတို့  ဘယ်ကုသိုလ်ကြောင့် ခုလိုလှပကြတဲ့ဆိုတာ သူတို့ နှစ်ဦး၏ အတိတ်ဘ၀ကို ပြောကြားပရစေ။ အတိတ်ဘ၀က ရဟန်းငယ်က ကျောင်းထိုက်ဆရာတော်ကြီးဖြစ်ခဲ့ပြီး အမတ်ကြီးသားက ဝေယျဝစ္စလုပ်ပေးနေသော ကပ္ပိယကြီးဖြစ်ခဲ့ပါတယ်။ ရဟန်းငယ်နှင့် အမတ်ကြီးသားတို့၏ နေတိုင်းကုသိုလ်တစ်ခုက ကျောင်းဝင်းထဲက စေတီတစ်ဆူမှာ မထေရ်ကြီးက တံမြက်လှည်းပြိး ကပ္ပိယကြီးက အမိုက်ကျူံးပေးပါတယ်။ မထေရ်ကြီးက ကုသိုလ်ကောင်းမူကို ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွစေတနာပါပါဖြင့် လုပ်ပြီ့း ကပ္ပိယကြီးကလည်း မထေရ်ကြီးစေခိုင်းသည်အတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြင့် အမိုက်ကျုံးပစ်ပေးခဲ့ပါတယ်။အဲဒီ ကုသိုလ်ကြောင့် မထေရ်ကြီးက အလွန်သပ္ပါယ်ပြီး ကြည်ညိုသော ရဟန်းငယ်ဖြစ်ပြိး ကပ္ပိယကြီးက အလွန်လှပသော အမတ်ကြီးသား သူငယ်ဖြစ်လာခဲပါတယ်။ စာဖတ်သူများ အတိတ်အကြောင်းသိပြီးဖြစ်သောကြောင့် “လင်္ကာမြေက ရုပ်အလှပြိုင်ပွဲမှာ” ရဟန်းငယ်နှင့် အမတ်ကြီးသား သူငယ်တို့ဘယ်သူနိုင်တဲ့ဆိုတာ ခန့်မှန်းလိုရပါတယ်။ အတိတ်ဘ၀ကတုန်းက ရဟန်းငယ်သည် အမတ်သား၏ ဆရားလည်းဖြစ်ပြီး ကုသိုလ်ကောင်းမူတို့ကို စိတ်အားထက်သန်စွာဖြင့် ဦးးဆောင်လျှက် အမတ်သားထက် ကုသိုလ်ကောင်းမူတို့ကို ပိုမိုလုပ်ဆောင်ခဲ့သောကြောင့် ဤအလှပြိုင်ပွဲတွင် ရဟန်းငယ်က အနိုင်ရပါကြောင်း ။ တံမြက်လှည်းရခြင်းအကျိုး (၅)ပါးလင်္ကာလေးကို ရှေးဆရာတွေက စီကုံးထားပါတယ်။ သူများစိတ်ကြည်၊ ကိုယ်စိတ်ကြည်နှင့်၊ တစ်လီနတ်ချစ်၊ ရောင်လစ်ဆင်းလှ၊ သေကာလမှာ၊ ရောက်ရာနတ်ပြေ၊ ဤငါးထွေသည် ၊ မှတ်လေ တံမြက်လှည်းအကျိုးတည်း။ တံမြက်လှည်းရခြင်းအကျိုး(၅)ပါး။ ၁။ တခြားသူ၏ စိတ်ကြည်လင်ခြင်း၊ ၂ ။မိမိ၏ စိတ်ကြည်လင်ခြင်း၊ ၃ ။နတ်တို့ ချစ်ခင်ခြင်း၊ ၄ ။ အဆင်းလှပခြင်း၊ ၅ ။သေပြိးနောက် နတ်ပြည်ရောက်ရခြင်း။ (ကျမ်းကိုး- ပရိဝါအဋ္ဌကထာ ၊ ပဉ္ဓက၀ဏ္ဏနာ) ရခဲ့လှသောလူဘ၀မှာ ကုသိုလ်ဆိုတာ ပိုက်ဆံကုန်မှ ရတာမဟုတ်ဘဲ မိမိတို့၏ အိမ်က ဘုရားများကို ရေသပ္ပါယ်ခြင်း၊ ကျောင်းကန်းဘုရားများ၌ တံမြက်လှည်းခြင်းဖြင့် ကုသိုလ်ပြုကြပါရန် ရည်ရွယ်ချက်ဖြင့် ရေးသားပါသည်။
Read more »

Sunday, April 22, 2012

ဘုရားအကြိုက်ဆုံးပူဇော်နည်း

မြတ်စွာဘုရားကို အခြားလှူဖွယ်ပစ္စည်းတွေနှင့် ပူဇော်တာထက် အခုလို ယောဂီတို့ တစ်ရှူ တစ်ရှိုက် တရားနှင့် ပူဇော်တာက ပိုမွန်မြတ်တယ်။ ဘာလို့လဲဆိုတော့ - မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေက အတီးအမှုတ် တွေနဲ့သီဆိုပြီး ပန်းနံ့သာအမွှေးအကြိုင်တွေနှင့် လိုလေသေးမရှိ အခါမဲ့ပန်းတွေလဲ ပွင့်လို့ ၊ သက်ရှိသက်မဲ့ တွေကတောင် ပူဇော်ကြတာ။ ဒီလိုပူဇော်တာတွေကြည့်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာကို နောက်ဆုံးမှာသွားတာက ချစ်သား အာနန္ဒာ…… ‘ ဒီလိုပစ္စည်းဝတ္ထုတွေနဲ့ ပူဇော်တာ ငါဘုရားကို ရိုသေလေးစားရာမရောက်ဘူး ၊ မြတ်နိုးကော်ရော် ရာလဲ မရောက်ဘူး၊ ရဟန်းဖြစ်စေ၊ လူဖြစ်စေ တရားနှလုံးသွင်း ရှုမှတ်ပြီး ပူဇော်တာကမှ အကောင်းဆုံး ပူဇော် ရာရောက်တယ် ’ လို့ ဟောထားခဲ့တာ။ ယခု ယောဂီတို့ ဘုရားကြိုက်တဲ့ ပူဇော်နည်းနှင့် ပူဇော်နေကြပြီ။ မောင်းထောင်မြေဇင်းဆရာတော်ဘုရားကြီး
Read more »

အရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာလေးပါ

အရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာလေးပါ ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊ စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊ စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။ ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊ ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊ ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊ မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။ စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊ စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။ ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊ ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။ သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊ ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊ သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။ ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။ စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။ ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။ သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။ ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။ စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။ စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။ လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။ အရှင်ဆန္ဒာဓိက
Read more »

မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂ ဆုံးမစာ•"

• လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌ မျိုးစုံကကြ ၊ မာန်မာနနှင့် ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု ငါသွေးတက်ကြွ ၊ လူ့ဗာလတို့၊ များလှဖြာဖြာ၊ အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက် မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ........... ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော် သုဘရာဇာ ၊ မြေအောက်မှာပင် ဘာသာလူမျိုး ၊ ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း ......။ ။ (မိုးကုတ်ဆရာတော်ဘုရားကြီး)
Read more »

ရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ

တစ်ဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တက်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချင်ခင်မယ့်သူ ပေါ်လာမှာပါ။ တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတက်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ ရောက်လာမှာပါ။ တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတက်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမယ့်သူ ရှိလာမှာပါ။ တူသော အကျိုးပေးတက်တဲ့ ကံတရားကို ဘယ်သူကများ ဟန့်ထားနိုင်တာမှတ်လို့...၊ ရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ )
Read more »

Friday, April 20, 2012

ဆေး ၁

အပြင်ကအလှ
မည်မျှပင် ချယ်သစေ
အတွင်းက ပုပ်ညှီ
မသတီစရာ ယိုစီး
ခန္ဓာကြီး သည်ပုပ်ကောင်
သုဘယောင် ဖန်ဆင်း
အ၀ိဇ္ဖာညှင်းဆဲတော့
တဏှာလဲ မနေသာ
ဖွေရှာကာ သည်ကိုယ်ကြီး လှယောင်ဖန်တီး။     ။
Read more »

ဘာ့ကြောင့်လဲ

  1. သူများအသက်  သတ်သည့်တွက်  အသက်ကိုယ့်မှာတို။
  2. မသတ်ရှေင်ရှား  ထိုသူများ  ရှည်လျားအသက်ကို။
  3. နှိပ်စက်ကလူ  ညှဉ်းဆဲသူ  ပြောထူရောဂါဆို။
  4. သနားစိတ်သွင်း  မနှိမ်နှင်း  ကင်းရှင်းရောဂါကို။
  5. ထန်ပြင်းဒေါသ  ကြီးတတ်က  အလှပျက်မည်ဆို။
  6. ဒေါသကင်းစင်  မေတ္တာယှဉ်  ကြည်လင်လှသကို။
  7. မနာလိုပြန်  ဣဿာထန်  ခြံရံကင်းမည်ဆို။
  8. ဣဿာမထား  ၀မ်းမြောက်ငြား  ပေါများခြွေရံကို။
  9. မလှူမဒါန်း  မပေးကမ်း  ခြောက်ခမ်းဥစ္စာဆို။
  10. စွန့်ကြဲလေ့တုံ  ပြုပါကုန်  ကုံလုံကြွယ်ဝလို။
  11. မာန်မာနကြွယ်  ထိုသူဝယ်  မျိုးနွယ်ညံ့မည်ဆို။
  12. ထိုက်သူရိုကျိုး  မာန်ကိုချိုး  အမျိုးမြတ်သကို။
  13. သိဖွယ်ဟူသမျှ  မမေးက  ဖျင်းအ ပညာဆို။
  14. ကြားမျင်များအောင်  မေးလေ့ဆောင်  ခုနောင်တတ်သိလို။ (စူဠကမ္မ၀ိဘင်္ဂသုတ်တော်လာအချက်များကို ဆရာတော်ကြီးအရှင်ဇနကာဘိဝံသ လင်္ကာရေးသည်။)
Read more »

မာနကြီးက နိမ့်ကျရ မာနစင်လျှင် နိဗ္ဗာန်မြင်

ဘုရားရှင်လက်ထက်တော်မှာ ပုဏ္ဏာထေရီမဆိုတာ ရှိခဲ့တယ်။ သူမရဲ့ အကြောင်းကို လေ့လာကြည့်မိတယ်။ တကယ်တော့ သူမဟာ ဘ၀ပေါင်းမြောက်များစွာမှာ နိဗ္ဗာန်ရောက်ကြောင်း ပါရမီကုသိုလ်ကောင်းမှုတွေကို ဆည်းပူးအားထုတ်ခဲ့သူပါ။ ဒီဘဒ္ဒကမ္ဘာမှ ပြန်လည်ရေတွက်လျှင် လွန်ခဲ့သော ၉၁-ကမ္ဘာအထက်မှာ ပွင့်တော်မူတဲ့ ၀ိပဿီဘုရားရှင်လက်ထက်တော်မှာ အမျိုးကောင်းတဲ့ အိမ်မှာ မွေးဖွားခဲ့တယ်။ အမျိုးကောင်းတော့ အသိလည်းကောင်းတာပေါ့၊ ပါရမီကုသိုလ်ကြောင့်လည်း အမျိုးကောင်းအိမ်မှာ မွေးဖွားလာရတာပါ။ အကြောင်းညီညွတ်တော့ သံဝေဂတွေဖြစ်ပြီး ဘိက္ခုနီတွေအထံမှာ တရားနာတယ်၊ သဒ္ဓါတရားတွေဖြစ်ပေါ်လာတယ်၊ အဲဒီနောက်တော့ ဘိက္ခုနီဝတ်တယ်၊ သီလစင်ကြယ်အောင် ထိန်းတယ်၊ ပိဋကသုံးပုံကို သင်ယူလေ့လာတော့ သုတများလာတာပေါ့၊ ရထားတဲ့ တရားစာပေတွေလဲ များလာတော့ တရားဟော ဓမ္မကထိကလည်း ဖြစ်လာတယ်။ ဒီလိုမျိုးနဲ့ သိခီ -ဝေဿဘူ-ကကုသန်-ကောဏာဂုံ-ကဿပဘုရားရှင်တွေရဲ့ သာသနာတော်မှာ ဘိက္ခုနီဖြစ်ခဲ့တယ်။ ဒီလိုဆိုတော့ မာနကြီးစရာတွေဖြစ်နေပြီလေ၊ ဒါ့ကြောင့်ဘဲ ကိလေသာတွေကို မပယ်သတ်နိုင်ဘူးဖြစ်နေတယ်။ တော်သေးတာက မာနဓာတ်ခံရှိနေပေမယ့် ဘယ်သူ့ကိုမှ အထင်သေးတဲ့ စကားတွေနဲ့ မချိုးနှိမ်ခဲ့တာပဲ၊ မဆဲဆိုခဲ့တာပဲ။ ဒါပေမယ့် မာနနဲ့ ပြုလုပ်ခဲ့တဲ့ ကံတွေကြောင့် ယခုဘုရားရှင်လက်ထက်တော်ဝယ် အနာထပိဏ်သူဌေးအိမ်မှာ မွေးမွေးချင်း အိမ်ကျွန်မဖြစ်ခဲ့ရတယ်။ ဒါ့ကြောင့် မာနနဲ့ မည်သည့်ကံတွေကိုမှ မလုပ်မိဖို့ အရေးကြီးလေစွ။
``ဗာဟုသစ္စေန တေနာဟံ၊ ပေသလာ အဘိမညိသံ=တပည့်တော်မဟာ သုတများစွာရှိတဲ့ အတွက်ကြောင့် (စာတတ်သောကြောင့်) သီလချစ်ခင် ထေရ်အရှင်မတို့ကို အထင်သေးခဲ့မိပါတယ်`` ဒီစကားကတော့ သူမကိုယ်တိုင် ပြောကြားခဲ့တာပါ။ ``မာနေန နီစကုလဇာ၊ န ဟိ ကမ္မံ ၀ိနဿတိ= မာနကြောင့် နိမ့်ကျတဲ့ အမျိုးမှာ ဖြစ်ရပါတယ်၊ မှန်၏၊ ပြုလုပ်ထားတဲ့ ကံဟာ ပျောက်ပျက်ရိုး မရှိပါ`` ဒီစကားကလည်း သူမကိုယ်တိုင် မှတ်ချက်ပေးခဲ့တာပါ။
ကျွန်တွေရဲ့ ထုံးစံအတိုင်း နေပူမရှောင် မိုးရွာမရှောင် အေးအေး ပူပူ သခင်တွေရဲ့ ဆူပူကြိမ်းမောင်းမှုကို မခံရလေအောင် အလုပ်လုပ်ကြရတယ်။ ပုဏ္ဏာကျွန်မလေးဟာလည်း အလွန်အေးတဲ့ ဆောင်းရာသီမှာ ရေခပ်ဆင်းရတယ်၊ တစ်နေ့  ရေခပ်ဆင်းတော့ ဒီလောက်အေးနေတဲ့ အထဲ အစောကြီး ရေချိုးနေတဲ့ ပုဏ္ဏားကို တွေ့လိုက်တယ်။ ဒီပုဏ္ဏားက ရေထဲငုပ် မန္တာန်တွေရွတ် လုပ်ပြီး ပြန်တက်လာတော့ တကိုယ်လုံးခိုက်ခိုက်တုန်နေပြီ၊ အောက်မေးရိုးက အထက်မေးရိုးကို စည်းချက်ညီအောင် တီးနေပြီ။ ဒီလိုလုပ်တာ မကောင်းမှုတွေ စင်ကြယ်မယ်လို့ ယူဆတဲ့ မိစ္ဆာအယူကြောင့်ပေါ့။ ကျွန်မလေးက အနာထပိဏ်သူဌေးအိမ်က ကျွန်မဆိုတော့ အဆင့်က မနိမ့်ပါးပါဘူး၊ ဘုရားရှင်ရဲ့ တရားတော်တွေကို နာယူမှာ အမှန်ပါ၊ ဒီတော့ ဒီလိုလုပ်တာ မှားယွင်းတဲ့ အယူကြောင့်ဆိုတာ သူမ သိတာပေါ့၊ ဒါကြောင့်ပဲ သနားစိတ်ဝင်ပြီး ပုဏ္ဏားကို အဲဒီမှားယွင်းတဲ့ အယူကို စွန့်လွှတ်စေခြင်လို့ စကားစပြောလိုက်တယ်။
``အိုပုဏ္ဏား….. အသင်ဟာ အဘယ်ကို ကြောက်လန့်၍ ညနေ မနက်အခါမပြတ် ရေသို့ သက်ဆင်းရသနည်း၊ သက်ဆင်းပြီးနောက် တုန်လှုပ်နေသော ကိုယ်တို့ဖြင့် အလွန်အေးသော သည်းခံနိုင်ခဲသော ဒုက္ခကို ခံစားနေဘိသနည်း?``
``ရှင်မ ပုဏ္ဏာ…..  ပြုလုပ်မိသော မကောင်းမှုကို တားမြစ်နိုင်တဲ့ ကောင်းမှုဆိုတာ ဤသို့ ရေသို့ သက်ဆင်း၍ ရေချိုးခြင်းပဲ၊ ဤကောင်းမှုကို ပြုလုပ်နေသော ငါ့ကို သိလျက် သင်သည် မေးဘိ၏။``
``ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ လူလတ်ဖြစ်စေ သူတစ်ပါးကို ညှင်းဆဲခြင်းစသော မကောင်းမှုကို မွေ့လျော်ပျော်ပိုက်စွာ အကယ်၍ ပြုမိအံ့၊ ရေသို့ သက်ဆင်း၍ ရေသွန်းဖြန်းခြင်းဖြင့် ထိုမကောင်းမှုတို့မှ လွတ်မြောက်နိုင်ပါ၏ ရှင်မပုဏ္ဏာ…..။``
``အိုပုဏ္ဏား…..သင်ကလည်း ကံနှင့် ကံ၏ အကျိုးတရားကို မသိမြင်၊ ရေသွန်းဖြန်းခြင်းဖြင့် မကောင်းမှုမှ လွတ်မြောက်နိုင်၏-လို့ သင့်အား ပြောသူကလည်း ကံနှင့် ကံ၏ အကျိုးတရားကို မသိမြင်၊ (မသိသူက မတတ်သူအား ပြောဟောသည်-ပေါ့) ထိုစကားကို မယုံကြည်ထိုက်၊ အသင့်ယုတ္တိလည်း မရှိပါ။``
``အကယ်၍ ရေသွန်းဖြန်းခြင်းဖြင့် မကောင်းမှုမှ လွတ်မြောက်သည် ဖြစ်အံ့၊ ဖား လိပ် နဂါး မိကျောင်းစသော ရေနေသတ္တ၀ါအားလုံးတို့သည် နတ်ပြည်သို့ ရောက်ကုန်လတ္တံ့။``
``သိုးသတ်သမား ၀က်ထိုးသမား တံငါသည် သားမုဆိုး သူခိုး သူခိုးသတ်သမား-စသော မကောင်းမှုကို ပြုသော သူတို့သည်လည်း ရေသွန်းဖြန်းခြင်းဖြင့် မကောင်းမှုမှ လွတ်ကုန်လတ္တံ့။``
``အကယ်၍ ဤမြစ်တို့သည် သက်ဆင်း၍ ရေချိုးခြင်းကြောင့် ပြုမိသော မကောင်းမှုတို့ကို မျှောပစ်နိုင်ကုန်အံ့၊ ကောင်းမှုတို့ကိုလည်း မျှောပစ်နိုင်ကုန်ရာ၏၊ ထိုသို့ ဖြစ်သော် သင်ပုဏ္ဏားသည် ကောင်းမှုမှ အပဖြစ်သူ ဖြစ်သွားရာ၏။``
``ရေသို့ သက်ဆင်း၍ ရေချိုးသူသည် ကောင်းမှုကို မမျှောနိုင်သလို မကောင်းမှုကိုလည်း မမျှောနိုင်ပါ၊ အဘယ့်ကြောင့်နည်း၊ ရေချိုးခြင်းသည် မကောင်းမှုဖြစ်ကြောင်းတို့၏ ဆန့်ကျင်ဘက် မဖြစ်နိုင်သောကြောင့်တည်း။``
``တစ်ခုက တစ်ခုကို ဖျက်ဆီးနိုင်မှသာ ဆန့်ကျင်ဘက် ဖြစ်နိုင်ပါ၏၊ အလင်းက အမှောင်၏ ဆန့်ကျင်ဘက်၊ ပညာက မသိနားမလည်မှု၏ ဆန့်ကျင်ဘက်ဖြစ်သလိုပါဘဲ။ သို့သော်လည်း ရေချိုးခြင်းက မကောင်းမှု့၏ ဆန့်ကျင်ဘက်မဖြစ်နိုင်ပါ။``
``ပုဏ္ဏား…..အကယ်၍ သင်သည် မကောင်းမှုကို ကြောက်သည်ဖြစ်အံ့၊ ထိုမကောင်းမှုကိုပင် မပြုလုပ်ပါလင့်၊ ဤကဲ့သို့ အေးသော အခါ၌ ရေသို့ သက်ဆင်းခြင်းသည် မိမိကိုယ်ကို သက်သက် နှိပ်စက်ခြင်းမျှသာတည်း၊ သင်၏ အရေပြားကို အအေးသည် မနှိပ်စက်ပါစေလင့်။``
``ရှင်မပုဏ္ဏာ…..သင်ဟာ မကောင်းသော လမ်းကြောင်းကို သွားနေတဲ့ ငါ့ကို မှန်ကန်ဖြူစင်တဲ့ လမ်းသို့ ဆောင်ပို့ဘိ၏၊ ထို့ကြောင့် သင့်အား နှစ်သက်ပါသည်၊ ဤအ၀တ်ကို သင့်အား ဆရာအား ပူဇော်သောအားဖြင့် ပေးပါ၏၊ ထိုအ၀တ်ကို ခံယူပါဘိလော့။``
အဲဒီလို ပုဏ္ဏားက ပြောတော့ ပုဏ္ဏားကို သရဏဂုံသီလတွေမှာ တည်စေခြင်လို့ ပြောလိုက်ပါတယ်``သင့်ရဲ့ အ၀တ်သည် သင့်အားသာ ဖြစ်ပါစေတော့၊ ငါကား အ၀တ်ကို အလိုမရှိပါ၊ အကယ်၍ အသင်ပုဏ္ဏားသည် အပါယ်ဆင်းရဲနှင့် သုဂတိဘုံ၌သော်မှလည်း ဆင်းရဲမျိုးစုံမှ ကြောက်သည် ဖြစ်အံ့၊ မချစ်နှစ်သက်သည် ဖြစ်အံ့၊ ထင်ရှားရာ၌ဖြစ်စေ ကွယ်ရာ၌ဖြစ်စေ အနည်းငယ်မျှသော မကောင်းမှုကို မပြုလုပ်ပါလင့်။``
``အကယ်၍ မကောင်းမှုကို နောင်အခါ၌ ပြုအံ့၊ ယခုအခါသော်လည်း ပြုအံ့၊ ဘယ်နေရာပြေးပြေး သင့်အား ဆင်းရဲမှ လွတ်မြောက်ခြင်း မရှိနိုင်ပါ၊ ဂတိကာလ-စသော အကြောင်းတို့ ညီညွတ်သော် အကျိုးပေးမှာ ဧကန်ပင် ဖြစ်ပါ၏။``
``အကယ်၍ ဆင်းရဲမျိုးစုံကို ကြောက်သည် ဖြစ်အံ့၊ မချစ်နှစ်သက်သည် ဖြစ်အံ့၊ ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ပါလော့၊ သီလတို့ကိုလည်း ဆောက်တည်ဖြည့်ကျင့်ပါလော့၊ ထိုသရဏဂုံဆည်းကပ်မှုနှင့် သီလဆောက်တည်ဖြည့်ကျင့်ခြင်းသည် သင်၏ အစီးအပွားဖြစ်ပါလတံ့။``
အဲဒီလို ပြောတော့ ပုဏ္ဏားက ၀န်ခံပြီး ရတနာမြတ်သုံးပါးကို ကိုးကွယ်ပါတယ်၊ သီလတို့ကိုလည်း ဆောက်တည်ဖြည့်ကျင့်ပါတယ်၊ နောက်သော အခါမှာ ဘုရားရှင်ရဲ့ အထံတော်မှာ တရားနာရတော့ သဒ္ဓါတရားများ တိုးတက်လာပြီး ရဟန်းဝတ် တရားအားထုတ်ပါတယ်၊ ဒါ့ကြောင့် ရဟန္တာအဖြစ်နဲ့ ဘ၀ဇာတ်သိမ်းသွားပါတယ်။
တကယ်လို့များ ``ငါက မြင့်မြတ်တဲ့ ဇာတ်ရှိသူ၊ သူမက ကျွန်၊ သူနဲ့ စကားပြောစရာလိုလို့လား၊ သူပြောတဲ့ အတိုင်း ငါ လုပ်စရာလိုလို့လား၊ မတန်မရာစကားတွေ ပြောတယ်၊ ဖိနပ်ကြားက နတ်စကားထွက်တယ်``ဆိုပြီး မာနခံနေယင် ရဟန္တာဖြစ်နိုင်ဖို့ နေနေသာသာ သရဏဂုံတောင် တည်မှာ မဟုတ်၊ အယူမှားကိုလည်း စွန့်မှာ မဟုတ်တော့ ဘ၀ဒုက္ခတွေကို ဆက်လက်ခံစားနေရအုံးမှာပါ။ ဒါ့ကြောင့် မာနမထားရပါဘူး။ မှန်ကန်ပြီး အကျိုးရှိတဲ့ စကားကို နာယူသင့်တာပေါ့၊ နာယူပြီးယင်လည်း လိုက်ပြုကျင့်သင့်တာပေါ့။
ငါတို့ မြန်မာလူမျိုးတွေဟာ ``သာကီမျိုးဟေ့ ဒို့ဗမာ``နဲ့ မာန်ထောင်၊ ကိုယ့်ကိုယ်ကို အထင်ကြီး (တကယ့်ကို ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ သူတွေ အများကြီးပါ။ နှိမ်တာ မဟုတ်ပါ။) ပညာဖလှယ်ရကောင်းမှန်းမသိ၊ လုပ်နိုင်တာ တစ်ခုတစ်လေလောက်နဲ့ ဟုတ်လှပြီလို့ အောက်မေ့လို့ ခေါင်းဆောင်လုပ်သူတွေက အစ ယခုတော့ ``သာကီမျိုးဟေ့ ဒို့ချာချာ``ဖြစ်နေပါပြီ။ ဒါ့ကြောင့် မာနမထား သူတစ်ပါးကိုလည်း အထင်ကြီးတဲ့ စိတ်မျိုးမထားဘဲ ပညာချင်းဖလှယ်၊ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်လေးစား မနာလိုဝန်တိုမှုတွေကို မထားကြယင် သိပ်ကောင်းမှာဘဲလို့ ဆန္ဒပြုမိကြောင်းပါ။
Read more »

အဝိဇ္ဇာယ နိဝုတော လောကော။
ဝေဝိစ္ဆာ ပမာဒါ နပ္ပကာသတိ။
ဇပ္ပါဘိလေပနံ ဗြူမိ။
ဒုက္ခမဿ မဟဗ္ဘယံ။

၁။မသိနားမလည်မှုအ၀ိဇ္ဇာသည် သတ္တလောကကို ဖုံးအုပ်ထားသည်။
၂။မစ္ဆရိယနှင့် ပမာဒတရားကြောင့် သတ္တလောကသည် ဂုဏ်ရောင်ဖြင့် မထင်ရှား။
၃။တဏှာသည် ငြိကပ်လိမ်းကျံကြောင်းတရားတည်း။
၎။သံသရာဝဋ်ဒုက္ခသည် သတ္တလောက၏ ဘေးကြီးတည်း။(သုတ္တနိပါတ်ပါဠိတော်)
Read more »

အကောက်သုံးမျိုး


၁။မကောင်းမှုကို ပြုပြီးပါလျက် ``ငါ မကောင်းမှုကို မပြုပါ``ဟု ပြောဆိုသူသည် နွားကျင်ငယ်ကောက်ကဲ့သို့ အလုံးစုံကောက်သူတည်း။

၂။မကောင်းမှုကို ပြုလျက်ပင် ``ငါ မကောင်းမှုကို ကြောက်လှပါ၏``ဟု ပြောဆိုသူသည် အကောက်များသောကြောင့် လရေးကောက်ကဲ့သို့ ကောက်သူတည်း။

၃။မကောင်းမှုကို ပြုလျက်ပင် ``ဘယ်သူက မကောင်းမှုကို မကြောက်ဘဲ ရှိအံ့နည်း``ဟု ပြောသူသည် နည်းနည်းသာ ကောက်သောကြောင့် ထွန်သွားကောက်ကဲ့သို့ ကောက်သူတည်း။
Read more »

နိဗ္ဗာန်

ဇရာမရဏဿ ပါရံ ၀ုစ္စတိ အမတံ နိဗ္ဗာနံ။ ယော သော သဗ္ဗသင်္ခါရသမထော သဗ္ဗူပဓိပ္ပဋိနိဿဂ္ဂေါ တဏှက္ခယော ၀ိရာဂေါ နိရောဓော နိဗ္ဗာနံ။(စူဠနိဒ္ဒေသပါဠိတော်၊ နှာ၊ ၁၉၆)
အိုခြင်းသေခြင်းဆိုတာ ဒီဘက်ကမ်း၊ မအိုမသေခြင်းဆိုတာ ဟိုဘက်ကမ်း၊ ဟိုဘက်ကမ်းဆိုတာ နိဗ္ဗာန်၊ နိဗ္ဗာန်ဆိုတာ သင်္ခါရအားလုံးငြိမ်းသွားတာ၊ ဥပဓိအားလုံးကို စွန့်လိုက်တာ၊ တဏှာကုန်သွားတာ၊ တဏှာ ကင်းသွားတာ၊ တဏှာချုပ်သွားတာ၊ တဏှာ ထွက်သွားတာ။
Read more »

လောက၌ ရယ်ဖွယ်သုံးခု

  • မယား၏ ရှေ့ဝယ် သားငယ်ကို နမ်းရှုပ်နေသော ယောင်္ကျားအား သူ့သားအစစ်ထင်၍ ချစ်ကြင်နာစွာ နမ်းနေရှာသည်ဟု မယားကရယ်ခြင်း။
  • ဘူမိမြေလွှာ ကမ္ဘာတည်ငြား ထုထည်အားကို ငါ့လယ် ငါ့ယာ ငါ့မြေတာဟု လက်ဖျစ်တတွက် အသက်ရှည်နိုင်မျှသာ ဖြစ်သော လယ်သမားက ကြိမ်းဝါးနေသည်ကို မဟာပထ၀ီမြေကြီးကရယ်ခြင်း။
  • တစ်ယောက်လက်မှ တစ်ယောက်လက်သို့ ရွေ့ပါး၍ ခရီးသွား အာဂန္တုသဖွယ် လှည့်လည်နေကြသော ရွှေငွေရတနာများအား ခဏခေတ္တပိုင် ဆိုင်ထားရသော ပစ္စည်းရှင်က ဘယ်အခါမကွဲ အမြဲပိုင်ကြပြီဟု မာန်တ၀င့်ဝင့်ရှိနေပုံကို ရွှေငွေဘဏ္ဍာတို့က ရယ်ခြင်း။    (ဆရာသုခ၏ ရာမာခရစ်ရှနာ၏ ပုံပြင်များ စာအုပ်၊ ၁၃၇၊ ၁၃၈)
Read more »

အိမ်အပြန်ခရီးလမ်း



တနေ၀င် တနေထွက်
နေ့ရက်တွေဇယ်ဆက်သလို
ကြွေပျက်ကာသွားတဲ့လူ့ဘဝ
ခဏတာ ရောက်လာကြပေမဲ့
ကြောက်စရာဘ၀လို့ မမြင်ကြ
ရောက်ရာအရပ်မှာ သောင်တင်ပြီး
ဘောင်ဘင်ခတ်နေကြတယ်။

နေ့ရက်တွေများလွန်းလို့
သေရက်ကို မေ့နေသလား
မစဉ်းစားမိ မတွေးတောမိ
အတွေးရေယာဉ်ကြောမှာ
မှိန်းမောနေကြတယ်၊

နေသည် ၀င်ဖို့ ဒုန်းဆိုင်းသလို
လူသည်သေဖို့ ဒုန်းဆိုင်းနေပါတယ်၊

အချိန်နဲ့ လူ့ဘ၀ဟာ
တုမရအောင် ချိန်စက်
သေဖက်မှာ အားရက်မရှိ
နားရက်မရှိ တအိအိပြေးလွှား
တရွေ့ရွေ့ပြေးကစားနေလေရဲ့။

လူသားတွေမှာတော့
အားရက်ရှိ နားရက်ရှိ
အိပ်ရက်ရှိကြတယ်။

အချိန်တစိတ်ကို
တအိတ်လောက်ထင်ပြီး
မဆင်ခြင် မော်ဖူး
ပျော်မြူးနေကြတယ်။

အချိန်တန် အိမ်ပြန်တဲ့အခါ
ဘာတွေပါလာကြမလဲ
ဘာဆိုဘာမှ မယ်မယ်ရရ
ပါမလာကြ ရစရာလည်းမရှိ
အသိခေါက်ခက် အ၀င်နက်နေတာမို့
ပြင်သင့်ပါရက်နဲ့ မပြင်ဆင်နိုင်
ဘုံပိုင်ပစ္စည်းတွေကို
ကိုယ်ပိုင်ပစ္စည်းတွေအဖြစ်နဲ့
နှစ်နှစ်ကာကာ ချစ်တွယ်တာနေလေတော့
အနှစ်မပါဘဲ လောဘမီး သောကမီး
ဇရာမီးတွေ တညီးညီးလောင်
ရှိတာတွေလဖြေးဖြေးပြောင်ပြီး
ဘ ၀ အမှောင်တိုက်ထဲ
မှောက်ကာ ဆိုက်မြဲမို့
ကြောက်စရာ အမိုက်မဲဘဝ
ရောက်ရပါလေရော။

ဘ၀လမ်းအသွယ်သွယ်မှာ
လျှောက်လှမ်းဖွယ် မလွယ်ပါသဗျို့
အမှောင်အလယ် ယောင်လည်လည်နဲ့
ရှောင်ဖယ်မရ ထိန်းမရလို့
ဇာတ်သိမ်းမလှမှာ သေချာပါပေတယ်။

ပညာစခန်း နိဗ္ဗာန်လမ်းကို
မြော်မှန်းခိုဝင် မဂ္ဂင်ယာဉ်ဖြင့်
အလျင်ခိုမှီး ကိုယ်တိုင်စီးပြီး

အပြန်ခရီး လှစေသတည်း။
Read more »

မိတ်ဆွေနှစ်မျိုး



မိတ်ဆွေနှစ်မျိုးရှိတယ်၊ လူမိတ်ဆွေနဲ့ ရဟန်းမိတ်ဆွေပေါ့၊ ဒီလောကမှာ မိမိကို ပေးနိုင်ခဲတာတွေကို ပေးတဲ့သူ စွန့်နိုင်ခဲတာတွေကို စွန့်နိုင်သူ လုပ်ပေးနိုင်ခဲတာတွေကို လုပ်ပေးသူ သီးခံခက်တာတွေကို သီးခံပေးသူ လျှို့ဝှက်ချက်တွေကို ပြောပြသူ ကိုယ့်လျှို့ဝှက်ချက်တွေကို လျှို့ဝှက်ပေးသူ ဘေးရန်ပေါ်လာယင် စွန့်မသွားသူ မိမိအတွက်ဆိုယင် အသက်ကိုယ်တောင် စွန့်နိုင်သူ ပစ္စည်းဥစ္စာတွေ ကုန်ခမ်းသွားသော်လည်း အထင်မသေးသူ၊ ဒီလို လူမျိုးက လူမိတ်ဆွေ ဖြစ်တယ်။

ချစ်ခင်စရာ မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့ ရဟန်း၊ မြတ်နိုးစရာ သီလဂုဏ်တွေ ရှိနေတဲ့ ရဟန်း၊ လေးစားစရာ တည်ကြည်မှုတွေ ရှိနေတဲ့ ရဟန်း၊ ကြည်ညိုစရာ ပညာအရည်အချင်းတွေ ရှိနေတဲ့ ရဟန်း၊ မျက်နှာမထောက် ပြောစရာအပြစ်ရှိယင် ပြောဆိုဆုံးမတတ်တဲ့ ရဟန်း၊ ကိုယ်မှားနေလို့ ပြောယင်လည်း လက်ခံပေးနိုင်တဲ့ ရဟန်း၊ နက်နဲတဲ့ တရားစကားတွေကို ပြောဟောပေးတဲ့ ရဟန်း၊ မသင့်လျော်တဲ့ နေရာတွေမှာ မတိုက်တွန်းတတ်တဲ့ ရဟန်း၊ လွန်ကဲမြင့်မြတ်တဲ့ သီလကို ဆောက်တည်ခိုင်းတဲ့ ရဟန်း၊ သတိပဋ္ဌာန်စတဲ့ ဘာဝနာတရားတွေကို ပွားများခိုင်းတဲ့ ရဟန်း၊ ဒီလို ရဟန်းမျိုးကတော့ ရဟန်းမိတ်ဆွေ ဖြစ်တယ်။
Read more »

ဘုရားကယ်တော်မူပါ

(၁)
 သာဝတ္ထိနိဒါနံ။ ဧကမန္တံ  ဌိတာ ခေါ သာ ဒေဝတာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ –
‘‘အရညေ  ဝိဟရန္တာနံ, သန္တာနံ ဗြဟ္မစာရိနံ;။
ဧကဘတ္တံ ဘုဉ္ဇမာနာနံ, ကေန ဝဏ္ဏော ပသီဒတီ’’တိ။။
‘‘အတီတံ နာနုသောစန္တိ, နပ္ပဇပ္ပန္တိ နာဂတံ။
ပစ္စုပ္ပန္နေန ယာပေန္တိ, တေန ဝဏ္ဏော ပသီဒတိ။
‘‘အနာဂတပ္ပဇပ္ပါယ, အတီတဿာနုသောစနာ။
ဧတေန ဗာလာ သုဿန္တိ, နဠောဝ ဟရိတော လုတော’’တိ။။(သံယုတ်ပါဠိတော်၊ ၁၊ ၅ )

မြတ်စွာဘုရား သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးစဉ်က နတ်သားတစ်ယောက် လျှောက်ထားခဲ့တယ်၊ ``တောမှာလည်း နေကြတယ်၊ တစ်ထပ်တည်းသာလျှင် ဘုဉ်းပေးကြတယ်၊ ဒါပေမယ့် ရှင်တော်မြတ်ဘုရားရဲ့ အဆုံးအမဗြဟ္မစရိယကို ငြိမ်သက်အေးချမ်းစွာ ကျင့်နေကြတဲ့ တပည့်ရဟန်းတွေဟာ ကိုယ်ရေအဆင်းဟာ ကြည်လင်သန့်ရှင်းလှပါတယ်၊ အဲဒါ ဘာ့ကြောင့်ပါလဲ``တဲ့။ ဒီတော့ မြတ်စွာဘုရားက ``အသင်နတ်သား  ငါဘုရားရဲ့ တပည့်သား ရဟန်းတွေဟာ အတိတ်ကိုလည်း မလွမ်းဆွတ်ကြဘူး၊ အနာဂတ်ကိုလည်း မမျှော်လင့်ကြဘူး၊ ပစ္စုပ္ပန်မှာဘဲ တည့်တည့်ထားပြီး မျှတနေကြတယ်၊ ဒါ့ကြောင့် ကိုယ်ရေအဆင်းဟာ ကြည်လင်သန့်ရှင်းလှပါတယ်`` ``လူမိုက်တွေကတော့ အနာဂတ်မျှော်ကိုးရတာနဲ့ အတိတ်ကိုလွမ်းဆွတ်ရတာနဲ့ ရိတ်ဖြတ်ထားတဲ့ ကျူရိုးအစိမ်းလို ခြောက်ခမ်းနေကြတယ်``လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဖြေဆိုတော်မူခဲ့တယ်။
မြတ်စွာဘုရား ကယ်တော်မူပါ၊ တပည့်တော်ကား ပစ္စုပ္ပန်တည့်တည့်မှာ မျှတချင်ပေမယ့် အတိတ်ကို လွမ်းဆွတ်ရအုံးမယ်၊ အနာဂတ်ကိုလည်း မျှော်ကိုးရအုံးမယ်၊ တပည့်တော်ကို ခဏတာမျှတော့ လူမိုက်လုပ်ခွင့်ပေးတော်မူပါဘုရား။
Read more »

အရက်သမားနှင့် သောတာပန်

ယနေ့ခေတ်သည် သိပ္ပံနှင့် နည်းပညာတွေ တိုးတက်လာသည့်နှင့်အမျှ လူသားတွေသုံးစွဲဖို ပစ္စည်းဝတ္ထူတွေကလည်းများပြားလာပါသည်။ရုပ်ပိုင်းဆိုင်ရာတွေတိုးတက်လာလေလေလူသားတွေကိုယ်ကျင့်တရားတွေ ဆုတ်ယုတ်လာလေလေ ဖြစ်ပါသည်။ လူဘ၀ တန်ဖိုးကို နာမလည်သူသည် ဘယ်သောအခါမှ ကိုယ်ကျင့်တရားကို ထိန်းသိမ်းမည်သူ မဟုတ်ပေ။ ထိုသို့ မထိန်းသိမ်းသောအခါ လူဘ၀သည် တိရိစ္ဆာန်စိတ် နှင့် တူညီနေပေသည်။ အဘယ်ကြောင့်ဆိုသော် တိရိစ္ဆာန်သည် အိပ်ခြင်း၊ စားခြင်း  နှင့် ကာမဂုဏ် ခံစားခြင်းဟူသော သုံးမျိုးသာ သိကာ အမှားနှင့် အမှန်ကို ခွဲခြားမသိတတ်သောကြောင့် ဖြစ်ပေသည်။ လူဘ၀တန်ဖိုးဆိုသည်မှာ မိမိတို့ လုပ်သော ကာယကံ၊ ၀စီကံနှင့် မနောကံတိုသည် ကောင်းမူဖြစ်သလော့၊ မကောင်းမူဖြစ်သလောဟု ခွဲခြားသိမြင်ခြင်းသည် လူဘ၀၏ တန်ဖိုးဖြစ်ပါသည်။ အမှားနဲ အမှန်ခွဲခြားသိရန်အလိုငှာ ဘုရားတရားတော်များကို လေ့လာသင့်ယူခြင်း၊ ကျင့်သုံးခြင်း၊ သူတော်ကောင်းများကို ကိုးကွယ်ဆည်းကပ်ခြင်း၊ သင့်လျှောသော နည်းလမ်းအားဖြင့် နှလုံးသွင်းခြင်းဖြင့် အမှားအမှားနဲ အမှန်ကို ခွဲခြားသိမြင်နိုင်ပါသည်။ ဘုရားရှင် အဆူဆူတို့ ၏ ဆုံးမသြ၀ါဒပေးသော စကားမှာ “ မကောင်းမူရှောင်၊ ကောင်းမူဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟု ဟောကြားပြသ ဆုံးမထားပါသည်။
အရက်သောက်စားခြင်းသည် မကောင်းမူထဲတွင် ပါဝင်ပါသည်။ အရက်သောက်သော်သူသည် အကြောင်းကိုလည်းးကောင်း၊ အကျိုးကိုးလည်းကောင်း ခွဲခြားမသိတတ်ပေ။ ယခုဘ၀တွင်ပင် ပညာရှိတိုကဲရဲခြင်းကို ခံရမည်။ တမလွန်ဘ၀တွင်လည်း မကောင်းသော ဘုံဘ၀သို့ ရောက်ရမည်။ ဒိဘ၀မှ လွတ်ပြောက်ပြိး လူဘ၀တွင် လူဖြစ်လျင်လဲ ရူးသွပ်ခြင်း စိတ်မနှံခြင်းသို့ ရောက်ရပါတယ်။ ယနေခေတ်တွင် မူးယစ်ဆေးတွေ ပေါများလာသည်နှင့် အမျှ  အရက်သောက်လို ရူးသွပ်သွားသူ ဘ၀ပျက်သွားသူတို့ မှာ အရေအတွက် မနည်းလှပါ။
မူးယစ်ဆေးဝါး သုံးစွဲခြင်း အပြစ် ခြောက်ပါး
၁။ စီးပွားဥစ္စာပျက်စိးခြင်း၊
၂၊ ခိုက်ရန်ဖြစ်ပွားခြင်း၊
၃ ရောဂါဖြစ်ပွားခြင်း၊
၎၊ မကောင်းသတင်းထွက်ပေါ်ခြင်း၊
၅. ဖုံးထားရမယ်အင်္ဂါကို ဖော်ပြခြင်း၊
၆၊။ ပညာအားနည်းမူကို ဖော်ပြခြင်။ ဒီိလို မြတ်စွာဘုရားက မူးယစ်ဆေးဝါးသုံးစွဲခြင်း အပြစ်ခြောက်ပါးကို ဟောကြားထားပါသည်။

၁။ စီးပွားဥစ္စာပျက်စိးခြင်း၊
မူးယစ်ဆေးဝါးသုံးစွဲသူတစ်ယောက်သည် သုံးစွဲသည်အခါပေါင်း များလာသောအခါ သူ၏စိတ်သည် မသောက်ဘဲ မနေနိုင်တောပေ။ မူးယစ်ဆေးဝါး၏ ကျေးကျွန်ဘ၀သို့ ရောက်နေသောသူတစ်ယောက်သည် တစ်နည်းနည်းဖြင့် မူးယစ်ဆေးဝါးသုံးစွဲရန် အကြံရောက်နေပေသည်။ ပိုက်ဆံမရှိသော အခါတွင် သူတစ်ပါးဆီ ချေးငှားရမည်ကိုလည်း ၀န်မလေးတောပေ။ မိမိ၏ လက်ဝတ်ရတနာမျာနှင့် အ၀တ်အစားများကို ပေါင်နှံရောင်းချရန်လည်း ၀န်မလေးတောချေ။ သူ၏ စိတ်ထဲတွင် မည်သည်းနည်းနဲမဆို ပိုက်ဆံရဖိုသာ ရှာဖွေနေတောသည်။      မိမိ၏ အိမ်ထောင်ရေးကိစ္စတွင်လည်း ထည့်သွင်းမစဉ်စားတောပေ။ နောက်ထပ်ပစ္စည်းဥစ္စာတွေ တိုးတက်အောင် မဆောင်ရွက်နိုသည်အပြင် နဂိုက စုဆောင်းထားသော ငွေများကိုပင် ဖြုန်းတီးပြစ်တောလေသည်။
၂၊ ခိုက်ရန်ဖြစ်ပွားခြင်း၊
မူးယစ်ဆေးဝါးကို သုံးစွဲသောသူသည် အရက်သောက်ပြိးနောက် ပြောသင့်သည်စကား မပြောသင့်သောစကားများကို မစဥ့်စားနိုင်တောပေ။ သူစိတ်ထဲတွင် အာသွက်လျှာသွက်နှင့် မပြောသင့်သောစကားများကို ပြောပါတောသည်။ တစ်ဘက်လူက စိတ်ထား သည်းမခံနိုင်သော အခြေအနေတွင် ခိုက်ရန်ဖြစ်ပွားပါတောသည်။
၃ ရောဂါဖြစ်ပွားခြင်း၊
မူးယစ်ဆေးဝါးသုံးစွဲမူသည် ရောဂါအမျိုးအမျိုး ဖြစ်ကြောင်းကို ရှေဆရာဝန်ကလည်း ပြောကြားထားပါသည်။
၎၊ မကောင်းသတင်းထွက်ပေါ်ခြင်း၊
မူယစ်ဆေးဝါးသုံးစွဲမူက ဒုစရိုက်တွေ ဖြစ်ပွားမူ စတင်သည် အကြောင်းဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲပြိးသူ တစ်ယောက်က ပိုက်ဆံရ၇ှိဖိုအရေးကို ထိပ်တန်းတင်ကာ သူများအသက် သက်ရမည်ကိုလည်း မစမ်းတောပေ။ သူများပစ္စည်း ခိုးယူရမည်ကိုလည်း မစမ်းတောပါ။ သူများ သားမယားကို စော်ကားရန်လည်း မခဲယဉ်တောပေ။ လိမ်ညာ ပြောသူဆိုရန်လည်း  လွယ်ကူပေတောသည်။ ဒီလို အစရှိတဲ မကောင်းမူ ဒုစရိုက်တွေကို ပြုလာပါတောသည်။ မူယစ်ဆေးဝါးကို သုံးစွဲပြိးနောက် အမိကိုလည်းကောင်း၊ အဘကိုလည်းကောင်း၊ မယားကိုလည်းကောင်း၊ သားသမီးတိုကိုလည်းကောင်း ရိုက်နက်တတ်ပေသည်။ ထိုသို့  အစရှိသော နည်းလမ်းတိုဖြင့် မကောင်းသတင်းထွက်ပေါ်လာပေတောသည်။


၅. ဖုံးထားရမယ်အင်္ဂါကို ဖော်ပြခြင်း၊
မူးရစ်ဆေး သုံးဝါသောသူသည် ရှက်ရမည်းကိုလည်း မသိတောပါ။ ကြောက်ရမည်ကိုလည်း မသိတောပါ။ စိတ်နောက်ကိုယ်ပါ လုပ်ချင်ရာ လုပ်ပေတောသည်။ လူမြင်ကွင်းမှာ ကျင့်ကြီးကျင်ငယ် စွန့် ရမည်ကိုလည်း ၀န်မလေးတောပါ။ အ၀တ်မပါ ဗလာတည်း လှည်လည်သွားလာရန်လည်း ၀န်မလေးတောပါ။ မူလ၇ှိတဲ အသိပညာတွေကင်းပြိး လုပ်ချင်ရာ လုပ်ပါပေတောသည်။


၆၊။ ပညာအားနည်းမူကို ဖော်ပြခြင်း
အမှတ်သညာကင်းပျောက်နေသော အမူးသမားတစ်ယောက်မှာ သတိမ၇ှိတောပေ။ မ၇ှိပါဘဲ ပညာလည်း အားနည်းလာပါတောသည်။
လောကတွင် အရက်သောက်သောသူတိုသည် စိက်ပျက်အားငယ်စရာ မလိုပါ။ လောကတွင် လူသားအားလုံးတို သည် အမှားနှင့်မကင်းနိုင်ပါ။ တစ်ခါမှားသော အမှားကို အမှားဟု ခွဲခြားသိမြင်ပြီး အကြိမ်ကြီမ် ထပ်တလဲလဲ မမှားရန် နှလုံးမသွင်းဖို လိုအပ်ပေသည်။ ဘုရားလက်တုန်းက အရက်သမားတစ်ယောက်သည် သောတာပန်ဖြစ်သွားသည် သာဓက တစ်ခု ၇ှိပါသည်။
ထိုသာဓကမှာ သံယုတ္တနိကာယ် သောတာပတ္တိသံယုတ် သရဏာနိဝဂ် ပဌမသရဏာနိသက္ကသုတ်မှာ ဘုရားရှင်က အရက်သမားတစ်ယောက် သောတာပန်ဖြစ်ကြောင်းကို ဟောကြားထားပါသည်။ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလ၀တ်ပြည် နိဂြောဓာရုံကျောင်းတွင် သတင်းသုံးနေတောမူသည်။ ထိုအခါ အရက်သမား သရဏာနိသာကီဝင်သည် ကွန်လွန်သည်။ ကွန်လွယ်ခဲသော ထိုသရဏာသာကီဝင်ကို မြတ်စွာဘုရားသည် ပျက်စီကျရောက်ခြင်းမ၇ှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးသာလျှင် လဲလျောင်းရာ၇ှိသော သောတာပန်ဟု မိန့် ကြား၏။
ထိုအခါ မဟာနာမ်သာကီဝင်မင်းသည် မြတ်စွာဘုရားအား အကျင့်အားနည်းပြိး သေရည်သေရက်ကို သောက်သောသူသည် သောတာပန်ဟု မိန်ကြားတောမူဘိသေး၏။ ယခုအဘယ်သူသည် သောတာပန်မဖြစ်ဘဲရှိအံနည်းး ကဲရဲ့ ပြစ်တင် ပြောဆိုကြကုန်၏ဟု လျှောက်ထား၏။
မဟာနာမ် အကြင်ဥပသကာသည် ကြာမြင့်စွာသော ကာလပတ်လုံး ဘုရားကို ကိုးကွယ်ဆည်းကပ်၏။ တရားကို ကိုးကွယ်ဆည်းကပ်၏။တရားကို ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် အရက်သောသော်လည်း သေခါနီးကာလတွင် အကျင့်သိက္ခာကို ဆောက်တည်ပြိးသူဖြစ်၏ဟု ဘုရားရှင်က ဟောကြားတောမူပါသည်။ ထိုကြောင့် အရက်သောက်သောလည်း ဘုရား တရား သံဃာ ဟုဆိုအပ်သော ရတနာမြတ်သုံးပါးကို သေသည်တိုင်အောင် ကိုးကွယ်ဆည်းကပ်သင့်ကြောင်း တိုက်တွန်းလိုက်ပါသည်။





Read more »

Thursday, April 19, 2012

မိဘကျေးဇူး

အမိအဘ တိုကို့ပြုစုလုပ်ကျွေးခြင်းကိုပဲ မာတာပိတုဥပဋ္ဌာန လို ခေါ်ပါတယ်။  မိဘတို့ သည် သားသမီးတို့ အပေါ်တွင် အလွန်တရာမှ ကျေးဇူးကြီးမားလှပါသည်။ကျေးဇူးကြီးကျယ် ဂုဏ်ဝင့်တယ်တဲ့ မိခင်ဖခင်တို့ ကို ပြုစုလုပ်ကျွေးခြင်းဟာ အလွန်ကြီးမြတ်တဲ့အတွက် ကြီးပွားချမ်းသာရေးမင်္ဂလာအစစ်ဖြစ်ပါသည်။
မိဘတို့ ၏ ကျေးဇူးကြီးမားပုံကို ဘုရားရှင်က အဂုင်္တ္တရနိကာယ် ဗြဟ္မသုတ်မှာ မိဘတိုကိုပြုလုပ်ကျွေးတဲ့ သားသမီး၊ မိဘကို ဂရုစိုက်သော သားသမီးတို့ ဟာ ဗြဟွ၇ှိသူတို့ လဲ မည်ပါတယ်၊ လက်ဦးဆရာ၇ှိသူလဲ မည်ပါတယ်၊ အိမ်ဦးနတ်၇ှိသူလဲ မည်ပါတယ်၊ အပူဇော်ပုဂ္ဂိုလ်၇ှိသူတို လဲ မည်ပါတယ်။
ဒါကြောင့် ပညာ၇ှိသော သားသမီးတိုသည့် မိဘတွေကို ၇ှိခိုးရမည်၊ စားစရားလည်း ကျွေးရမည်၊ နေစရာလည်းပေးရမည်၊ အ၀တ် အိပ်ရာ ၊ အမွေးနံသာ လိမ်ကျံပေးခြင်း ၊ ရေဆေးပေးခြင်း၊ ခြေဆေးပေးခြင်းတွေနဲ ရိုသေစွာပြုစုလုပ်ကျွေးခြင့်းဖြင့် မိဘတို့  ကျေးဇူးတရားများကို ဆပ်သင့်ပါသည်။
အမိအဖကို ပြုစုလုပ်ကျွေးတဲ သားသမီးတွေကို ယခုဘ၀တွင်လည်း ပညာ၇ှိတွေက ချီးမွမ်းကြပါတယ်။ တမလွန်ဘ၀တွင်လည်း ကောင်းကျိုး ချမ်းသာကိုပေးတတ်သော နတ်ရွာ သုဂတိဘုံသို့ ရောက်ကြမည် ဖြစ်ပါသည်။
၁  ဗြဟ္မမည်ပုံ၊
ကျေးဇူးကြီးမလှသည့်အတွက် မိဘတွေကို  ဗြဟ္မလိုခေါ်ဆိုထားကြပါတယ်။ ဗြဟ္မုပြည်ကို ရောက်ဖို့ အတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ နှင့် ဥပေက္ခာတရားတွေကို ပွားများရမည် ဖြစ်ပါသည်။ မိဘတွေကလဲ သားသမီးတွေ အပေါ် အဲဒီဘာဝနာတရားလေးပါးကို စွန့်လေ မ၇ှိကြပါဘူး။ အဲဒါကြောင့် မိဘတွေက ဗြဟ္မနဲ တူပါတယ်။
မိဘတွေက သားသမီးတွေ ပဋိသန္ဓေနေတဲ့အခါမှစကာ မွေးဖွားလာသောအချိန်ထိ ကိုယ်လက်အင်္ဂါပြည့်စုံနှင့် ကျန်းမာ ချမ်းသာစွာမွေးဖွားလာတဲ တို့ သားကလေး ၊ တို့ သမီးကလေး ဘယ်တောတွေကမလဲလို မေတ္တာစိတ်ဖြစ်ပေါ်နေတယ်။ (မေတ္တာ)
သားကလေး သမီးကလေးတွေက ငယ်သေးတဲအတွက် ပက်လက်အိပ်တတ်၇ုံမျှ မှက်၊ ခြင်၊ ယင်၊ သန်း နှင့် ကြမ်းပိုး စသည်တို့ အကိုက်ခံရလို ငိုကြွေးတမ်းတဲ အခါမျိုး နှင့် အိပ်ရာနေရာ အဆင်မပြေတဲအတွက် ငိုကြွေးတဲအခါ မျိုးမှာ သားသမီးတွေရဲငိုသံကို ကြားရလို့၇ှိရင် မိဘတွေရဲ သန္တာန်မှာ ကြင်နာမူ ဖြစ်ပေါ်လာပါတယ် (ကရုဏာ)
သားသမီးတွေ ကစားနိုင်တဲအခါမျိုး၊ ပလီပလာ တီတီတာတာ စကားပြောတတ်ပြိး ချစ်ခင်စရာအရွယ်သို့ ရောက်လာတဲ အခါမျိုးတွေမှာ မိဘတွေရဲ့စိတ်ထဲမှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်လာပါတယ်။ အဒီအချိန်မှာ မိဘတွေ သန္တာန်မှာ မုဒိတာ စိတ်ဖြစ်ပေါ်နေပါတယ်။ (မုဒိတာ)
သားသမီတွေ အိမ်ထောင်ကျပြီး သီးခြားကိုယ့်အိမ်ကိုယ်ရာနဲ နေကြတဲ့အခါမျိုးမှာ ကိုယ့်သဘောကျ နေထိုင်၊ လုပ်ကိုင်စားသောက်နိုင်ကြပြိးလို မိဘတွေရဲ သန္တာန်မှာ လျစ်လျူရှူမူ ဖြစ်ပေါ်လာပါတယ်။ထိုအချိန်တွင် မိဘတွေ စိတ်ထဲတွင် ဥပေက္ခာ ဘာဝနာတရား ကိန်းနေပါတယ်။ (ဥပေက္ခာ)
မိဘတွေကလေ သားသမီးတွေအပေါ်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာဟုခေါ်သော ဗြဟ္မာဝိဟာရ တရားလေးပါးနှင့်  ထာဝရ ကိန်းနေသောကြောင့်  ဗြဟ္မ မည်ပါသည်။
(၂) လက်ဦးဆရာ မည်ပုံ
မိဘတို့ သည် သားသမီးတို့ အတွက် လက်ဦးဆရာ မည်ပါသည်။ ဘယ်လိုသွားရမည်၊ ဘယ်လို စကားပြောရမည်၊ ဘယ်လိုနေရမည်၊ ဘယ်လိုထိုင်ရမည်၊ ဘယ်လိုခေါ်ရမည်၊ ဒါက မေမေ၊ ဒါက ဖေဖေ၊ ဒါက ဘဘ၊ ဒါက ဘွားဘွား စသည့်ဖြင့် မိဘတို့သည် သားသမီးတိုကို  ရှေးဦးစွား သင်ကြားပြသပါသည်။
အခြားဆရာများက နောက်မှ သင်ကြားပြသပါသည်။ လူဘုံတွင် လောကီဆရာ နှင့် လောက်ကုတ္တရာ ဆရာဟု နှစ်မျိုး၇ှိပါသည်။ မူလတန်းမှ စ ကာ အထက်တန်း နှင့် တက္ကသိုလ် ကထိက ဆရာများမှာ လောကီဆရာများသာ ဖြစ်ပေသည်။ ဘုရား၊ တရား၊  သံဃာ ဟုဆိုအပ် သော သရဏဂုံ သုံးပါးကို တည်ဆောက် ပေးသောဆရာ၊ သီလကိုပေးသော ဆရာ၊ ရှင်ပြုပေးသောဆရာ ၊ ရဟန်းခံပေးသော ဆရာ၊ ဘုရားစကားတော်များကို သင်ပေးသောဆရာ နှင့် ဈာန်မဂ်ဖိုလ် ရောက်အောင် သင်ကြားပေးသော ဆရားများသည် လောကုတ္တရာ ဆရားမျာသည်သာ ဖြစ်ပါသည်။
အဲဒိဆရာတွေ အားလုံးက နောက် ဆရာများသာဖြစ်ပါတယ် ။ မိဘ များသည်သာ သားသမီးတွေအတွက် ရှေးဦးဆရာ ဖြစ်ပါသည်ဟု ဘုရားရှင်က  ဟောကြားထားပါသည်။
(၃) အိမ်ဦးနတ် (ဒေ၀တာ)
နတ်ကိုးကွယ်တဲ့သူများသည် နတ်တွေကို အိမ်ဦးခန်းမှာ ထားကာ ပူဇော်ကြပါတယ်။ အဲဒိလို ပူဇော်တဲ အတွက်ကြောင့် နတ်တွေက ဘေးရန်ကင်းကွာ စောင့်ရှောင်ခြင်း၊ စီးပွားချမ်းသာတိုးတက်အောင် စောင့်ေ၇ှာက်သည် အထင်ဖြင့် အစားအသောက် ပန်း စတဲ ၀တ္ထူတွေနဲ အမြဲတမ်းပူဇော်ပသနေကြပါတယ်။
ဒီလို နတ်တွေကို အိမ်ဦးခန်းမှာ ထားလျက် ပူဇော်ပသသလို မိဘတွေကိုလည်း အိမ်ဦးနတ်ကဲသို့ စိတ်ထဲတွင် ထားပြီး ပူးဇော်ပသသင့်ပါသည်။ နတ်တွေကစောင့်ရှောက်သလို့  မိဘတွေကလည်း သားသမီးများ ငယ်စဉ်တောင်ကျေး ကလေးဘ၀မှစပြိး လူရာဝင်သည်တိုင်အောင် စောင့်ရှောက်ကြပါတယ်။စီးပွား ဥစ္စာဖြစ်ထွန်းအောင် ညွန်ကြားပေးပါသည်။ အရင်းအနှီးတွေကိုလည်းး ထုပ်ပေးပါသည်။ဲဒါကြောင့် မိဘတွေကို အိမ်ဦးနတ်ကဲသို့  အ၀တ် အစား ပန်းနံသာ စတဲ ပစ္စည်း ၀တ္ထူတွေနဲ အိမ်ဦခန်းမှာထားပြိး ကိုးကွယ်သင့်ပါသည်။
(၄)အပူဇော်ခံ မည်ပုံ
မိဘတွေက သားသမိးတွေ ခံယူလာတဲ စားဖွယ် သောက်ဖွယ် စတဲ ပစ္စည်းဝတ္ထူတွေကို အလှူခံထိုက်သူများ ဖြစ်ကြပါတယ်။ဒါကြောင့် မိဘတွေကို အပူဇော်ခံပုဂ္ဂိုလ်များဟု ဆိုရပါမည်။ အနည်းဆုံး နံနက်တစ်ချိန် ညတစ်ချိန်လောက် ဆည်းကပ်ခစားရအောင်သွားကြီး မိဘတွေဟာ ငါတို့ ရဲ  ကုသိုလ် မျိုးစေ ကို ကြဲ ချတဲ့ လယ်ယာမြေကောင်းသဖွယ် ဖြစ်ပါတယ်လို နလုံးသွင်းပြိး မိဘတွေဂုဏ်ကို ၇ှိခိုးပူဇောရမည် ဖြစ်ပါသည်။
ဒါအပြင် သိင်္ဂါလောဝါဒသုတ် ဒီဃနိကာယ်မှာ ဘုရားက သားသမီးကျင့်ဝတ်တရား ငါးပါးကို ဟောကြားထားပါတယ်။ မိဘတို့ကို ကျွေးမွေးခြင်း၊ အမူကိစ္စကို ပြုလုပ်ပေးခြင်း၊ အမျိုးအနွယ်ကို တည်စေခြင်း၊ အမွေဆက်ခံခြင်း နှင့် ဘ၀တစ်ပါးပြောင်းသွားတဲ မိဘများကို အမျှပေးဝေးခြင်း ဆိုတဲ သားသမီးကျင့်ဝတ်တွေနဲ ပြုစုလုပ်ကျွေးရမယ် ဖြစ်ပါတယ်။ ဒိတရားများဟာ သားသမီးကျင့်ဝတ်တွေ ဖြစ်ပါတယ်လို ဘုရားရှင်က ဟောကြားထားပါသည်။
ဒီလို အင်မတန် ကျေးဇူးကြီးမာလှသည် အတွက် မိဘကျေးဇူးတွေကို ကျေးဇူးတုန်ပြန်ဆပ်ရန် မှာ မလွယ်လှပါ။ ဘုရားရှင်က အဂုင်္တ္တရနိကာယ် အဋ္ဌကထာမှာ ဟောကြားထားပါတယ်။ သားသမီးဖြစ်နေသူက အမိကို လက်ယာ ပခုံးပေါ်မှာ ထား အဖကို လက်ဝဲ ပခုံးပေါ်မှာ ထားပြိး နှစ်ပေါင်းတစ်ရာကြာအောင် ဆောင်ယူကျွေးမွေးးမယ် ၊ အနံအသက်ကောင်းအောင် အမွေးအကြိုင် လိမ်းကျံပေးခြင်း  အညောင်းအညာပြေအောင် နှိပ်နယ်ပေးခြင်း အေးတဲ ရာသီမှာ ရေနွေးနဲ့ ပူတဲ ရာသီမှာ ရေအေးနဲ ရေချိုးပေးခြင်း ခြေဆုပ်လက်နယ်ပြုပေးခြင်းတွေနဲ ပြုစုလုပ်ကျွေးမယ်၊ အမေအဖေတွေကလဲ သားသမီးတွေရဲ့ ပခုံးပေါ်မှာပဲ ကျင်ကြီးကျင်ယ်စွန့် မယ်ဆိုကြစို့ ရဲ့။
ဒိလို ပြုစုလုပ်ကျွေးသောလည်း ကျေးဇူးကျေအောင်ဆပ်ရာလဲ မရောက်သေးပါး ဒီလို လောကီမူနဲ့ ပြုစုလုပ်ကျွေးလို အမိအဖတွေရဲ့ ကျေးဇူးကို ကျေအောင် မဆပ်နိုင်ပါ။ သဒ္ဓါတရားမ၇ှိတဲ မိဘကို သဒ္ဓါတရား၇ှိလာအောင်၊ သီလမ၇ှိတဲ မိဘကို သီလရှိလာအောင် ၊ မပေးလှူလို သ၀န်တိုမူရှိနေတဲ့ မိဘကို လူဒါန်းလာအောင်၊ ပညာမ၇ှိတဲ့မိဘတွေကို ပညာနှင့် ပြည်စုံအောင် ပြုစုလုပ်ကျွေးမှာသာ မိဘတွေအပေါ်မှာ ကျေးဇူးဆပ်အောင်ေ၇ာက်ပါတယ်။
ဒီလို ပြုစုလုပ်ကျွေးမှာသာ သားသမီးတွေက ယခုဘ၀လည်း ချမ်းသာ နောက်ဘ၀လည်း ချမ်းသားတဲအတွက် မင်္ဂလာ တရား ဖြစ်ပါပေမည်။
Read more »

Suffix and Prefix



One thing that may help is to analyze the word, looking for groups of letters that have special meanings. A group of letters with a special meaning appearing at the end of a word is called a suffix. Here is a list of 16 important suffixes.
Suffix
Meaning
Example
-able
able to be
manageable
-ible

defensible
    -al                                                                                                                         
relating to
regal
-ance

resistance
-ence

independence
-ic

heroic
-ion
state of
union
-ism
quality of
patriotism
-hood

brotherhood
-ity

legality
-ment

puzzlement
-er
one who
writer
-or

advisor
-ite

Mennonite
-y
full of
soapy
-ful

wishful
When a group of letters having a special meaning appears at the beginning of a word, we call that group of letters a prefix. Following is a list of 10 prefixes all dealing with counting.
Prefix
Meaning
Example
uni-
one
unicycle
mono-
one
monologue
auto-
self
autobiography
duo-
two
duodecimal
bi-
two
bifocal
tri-
three
tripod
penta-
five
pentagon
hexa-
six
hexadecimal
poly-
many
polygon
multi-
many
multicolored

Read more »

Photo


Read more »

photo


Read more »

သီရိလင်္ကာနိုင်ငံ ကန်ဒီမြို့  စွယ်တော်မြတ်စေတီတော်ပုံ


Read more »

သီရိလင်္ကာနိုင်ငံ ကန်ဒီမြို့  ဗုဒ္ဓစွယ်တော်ပုံ


Read more »

Photo


Read more »

Basic sentence patterns

Basic Sentence patterns
There are nine basic sentence patterns in English grammar according to my experience. These are (1) subject and intransitive verb (2) Subject, linking verb and complement (3) subject , transitive verb and object (4)  Subject , transitive verb , indirect object and direct object (5) Subject , transitive verb, direct object, preposition and indirect object (6) subject, transitive verb, preposition and object (7) subject , transitive , object and complement (8) There , verb and subject and (9) It and verb.
(1) subject and intransitive verb
(a)   Birds fly.
(b)    Dogs bark.
(c)    Cat mew.
(d)   Cocks crow.
(e)    Lion roars.
(2) Subject, linking verb and complement
According to second patterns, there are nine complement behind the linking verb which are to be “am, is are, was, were, be, being, been , very to be and become , seem , so on.
(1)   Noun
(2)   Adjective
(3)    Pronoun
(4)   Ving or present participle
(5)   V 3 or part participle
(6)    To verb
(7)   Adverb
(8)   Preposition + noun or pronoun
(9)    Clause (noun clause)
(1)   Noun complement
I am a student.
(2)   Adjective complement
You became rich.
He seemed sad.
(3)   Pronoun complement
This is mine.
This pencil was his.
(4)    Ing verb or  present participle
Mg mg is sleeping.
(5)   V3 or past participle
My pencil is broken.
(6)   To verb
I am to blame.
Nobody is to know.
(7)   Adverb complement
He is here.
Kyaw kyaw was there.
(8)   Preposition noun complement
He is in the school.
I am in the house.
She is on the road.
(9)   Noun clause
Life is what you make of it.
That is why I hate you.
(3) Subject transitive verb and object
Cows eat grass.
I write a letter.
I eat rice.
(4) Subject , transitive verb, indirect object and direct object
I gave ko ko a book.
He lent me his book.
(5) Subject, transitive verb, direct object, preposition and indirect object
I gave a book to kyaw kyaw
He lent his pen to me.
(6) Subject transitive very and preposition , object
I look at the picture.
She looks for the chimps.
Nurses look after the patient.
(7)  Subject, transitive verb, object and complement
They made me.
They made me their leader.
I get my pen repaired.
(8) There , verb , subject
There are flowers.
There is water.
(9)  It verb
It rain. (verb)
It snow heavily (adverb)
It is cold. (Adjective)
It is ten O’s clock. (Noun)
It is not safe to go alone in the night.
It is true that birds can count.
It is farmers who produce our food.






Read more »

 
Powered by Blogger | Tested by Blogger Templates | Best Credit Cards